နေပြည်တော် ဒီဇင်ဘာ ၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်မည့် အနာဂတ်ကြယ်ပွင့်လေးများဖြစ်၍ ခံယူချက်၊ ယုံကြည်ချက်ခိုင်မာရန်၊ စဉ်းစား တွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန်ခွဲခြားသုံးသပ်နိုင် စွမ်းများမြင့်မားရန်၊ ကျင့်ဝတ်များကို လေးစားလိုက်နာကြရန်၊ နည်းပညာဆိုင်ရာလေ့လာမှု၊ တီထွင်ဖန်တီးမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများအားနိုင်ငံ့အကျိုးပြု IT နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နောက်ဆုံးပေါ် IT နည်းပညာများကို လေ့လာသင်ယူကြရန်၊ Artificial Intelligence (AI)၊ Cyber Security၊ Augmented Reality (AR)၊ Virtual Reality (VR)၊ Data engineering နှင့် Cloud computing ဆိုင်ရာသုတေသနဆောင်ရွက်ကြရန်မှာကြားပြီး ကျောင်းသားကျောင်းသူများ၏ သုတေသနပရောဂျက်များ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီးသည်အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)သို့ရောက်ရှိပြီး ကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းတွင် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်နေမှု၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပထမနှစ်ကျောင်း ဝင်ခွင့်လျှောက်လွှာ တင်ရန်နှင့် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်