နေပြည်တော် နိုဝင်ဘာ ၂၈
၁၉၇၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာကလေးများနှစ်”အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးခဲ့သည့် တံဆိပ်ခေါင်းဒီဇိုင်းဖြင့် မြန်မာနိုင်ငံမှ “အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို ၁၉၇၉ ခု ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သည်။
ယခုနှစ် ၂၀၂၃ တွင် “အပြည်ပြည်ဆိုင်ရာ ကလေးများနှစ် (၄၄) နှစ်ပြည့်” အထိမ်းအမှတ်အဖြစ် အဆိုပါ ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးထားသည့် ပန်းချီဒီဇိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၄) ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်၊ (သောကြာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်