Skip to main content

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာတွင် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်မည့် စက်ရုံအလုပ်သမားများ၏ ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ကထိန်ပဒေသာပင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယူဆိုသည့် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၈

ရန်ကုန်‌တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဇာထိုးပန်းထိုး စက်ရုံအလုပ်သမားများက ကထိန်ပဒေသာပင်များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရပ်ကွက်အတွင်းလှည့်လည်နေချိန်တွင် လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းသွားကြောင်း၊ ပဒေသာပင်များ၏တန်ဖိုးမှာ သိန်း ၁၀၀ ကျော်တန်ဖိုးရှိပြီး ငွေသားအများစုဖြင့် ပြုလုပ်ထားသည့် ပဒေသာပင် ၅ ခုကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ‌ရေးသားဖြန့်ဝေလျက်ရှိသည့်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “အမှတ်(၁၁)ရပ်ကွက်၌ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့မှု မရှိကြောင်း၊  သတင်းတု၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများသည် ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် အချိန်ကိုက်သတင်းအမှားများထုတ်လွှင့်ပြီး နိုင်ငံအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများအပေါ် မနာလိုမရှုစိတ်ဖြင့် ကြောက်ရွံ့ထိတ်လန့်စိတ်များ ဖြစ်ပေါ်စေရန်၊ နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ နိုင်ငံရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍတို့ကိုသာမက ဘာသာရေးဆိုင်ရာများကိုပါ လုပ်ကြံဖန်တီး ရေးသားနေသည်များကို တွေ့ရှိရပါသည်။ ထို့သို့ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေသည့် ပြည်ဖျက်မီဒီယာများ၏ ဝါဒဖြန့်သတင်းများကို အများပြည်သူများက အမှားအမှန် ခွဲခြားသိမြင်နိုင်စေရန်အတွက် သတင်းမှန်ပြန်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။