Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား အမျိုးသမီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား အမျိုးသမီး ဂျူဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ကျင်းပရာ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသား၊ အမျိုးသမီး လူသစ်တန်း ကီလို ၆၀ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် နိုဝင်ဘာ ၂၄ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်