Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) တိုးလ်ဂိတ်များနှင့် EV Charging Station ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးလ်ဂိတ်များဖြစ်သည့် စီလမ်းဆုံတိုးလ်ဂိတ်၊ ပန်းတင်တိုးလ်ဂိတ်၊ ပေပင်လေးတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ ကံကောင်းတိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ်၊ အိုးထုတ္တန်းတိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ဖြတ်သန်းခကောက်ခံရာတွင် လေလွင့်ပျောက်ဆုံးမှုမရှိစေရေး တိုးလ်ဂိတ်တိုင်းတွင် CCTV များတပ်ဆင်ပြီး Computer စနစ်ဖြင့် ဆောင်ရွက်ရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ မြန်မာ့အားသစ်မာန်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော EV Charging Station ဆောင်ရွက်ပြီးစီးမှု၊ မန္တလေးကမ်းနားလမ်းအနီး ရာဇာမင်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော EV Charging Station နှင့် မန္တလေးဘူတာကြီးအနီး NPK ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော EV Charging Station တို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီမှသတ်မှတ်ထားသည့် ပုံစံအတိုင်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားသည်။

သတင်းစဉ်