နေပြည်တော် နိုဝင်ဘာ ၁၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော် ခြင်းပြိုင်ပွဲ” ကို နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အားကစားကို စိတ်ပါဝင်စားသူများ (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်