Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင် ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စံသတ်မှတ်ချက် များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ် (Code of Conduct) ရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု၊ ကျင့်ဝတ်စာအုပ်များ ပုံနှိပ်ဖြန့်ဝေရေးအတွက် ဆွစ်ဇာလန်သံရုံးက အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများက ကျင့်ဝတ် အကောင် အထည်ဖော်မှုအပေါ် စောင့်ကြည့်လေ့လာမည့်ကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက် ပွဲတွင် ဆွစ်ဇာလန်သံရုံးမှ လေ့လာသွားမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

 ( သတင်းစဉ် )