Skip to main content

မြင်းခြံမြို့နယ် ရွှေပြည်စိုးသာသနာ့ဗိမ္မာန်တွင် လူမှုအားမာန်အဖွဲ့များသို့ ထောက်ပံ့ငွေများပေးအပ်

မြင်းခြံ ဩဂုတ်၂၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ရွှေပြည်စိုးသာသနာ့ဗိမ္မာန်တွင်Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များသည် ရပ်ရွာရှိအသက် ၆၀ ကျော် လူကြီးများကို အခြေခံဖွဲ့စည်းထားပြီး မိမိရပ်ရွာတွင် ထိခိုက်လွယ်သောသူများကို ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် ကျေးဇူးတင်ပါကြောင်း စသဖြင့်ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်မင်းက Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များကို ထောက်ပံ့ငွေပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြင်းခြံမြို့နယ်ရှိ Inclusive Self–Help Group (ISHG) လူမှုအားမာန်အဖွဲ့ ၃၃ ဖွဲ့ကို တစ်ဖွဲ့လျှင် ကျပ်ဆယ်သိန်းနှုန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ထို့နောက် လူမှုအားမာန်အဖွဲ့များကိုယ်စား လေးရွာဆုံကျေးရွာမှ ဦးမြပေါက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဦးဇော်မင်းက Inclusive Self–Help Group (ISHG) လူမှုအားမာန်အဖွဲ့များကို ထောက်ပံ့ငွေပေးအပ်ရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများ Inclusive Self–Help Group (ISHG) လူမှုအားမာန်အဖွဲ့ ၃၃ ရွာမှ ကိုယ်စားလှယ်များသည် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လက်ဆေးခြင်း၊ MasK တပ်ခြင်း၊ Face Shield တပ်ခြင်းတို့ကို စနစ်တကျလိုက်နာပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)