Skip to main content

ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာကျောင်း များတွင် အားဖြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် သြဂုတ် ၂၆

ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းများကို တက္ကသိုလ်များကောလိပ်များအခြေခံပညာကျောင်း များတွင် အားဖြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့မြို့တော်ခန်းမ၌ကျင်းပသည်

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ယနေ့မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ အမျိုးသမီး/ အမျိုးသားများအပါအဝင် ပြည်သူ၊ ပြည်သားများအကြား ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းမျိုးစုံ ပါဝင် သော ကွမ်းယာကိုနေ့စဉ် အဆက်မပြတ်သုံးစွဲခြင်းတို့ တိုးတက်များပြားလာနေသည်ကို သတိပြု မိမှာဖြစ်ကြောင်းဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းအတွက် စာသင်ကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များမှ ဆရာ/ဆရာမများကျန်းမာရေး ဝန်ထမ်းများနှင့် အဆင့်ဆင့်သော တာဝန်ရှိသူများ က ပါဝင်ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း ဆေးရွက်ကြီးကြောင့် နှစ်စဉ်သေဆုံးသူ အရေအတွက်မှာလည်း ခြောက်သောင်း ကျော်ရှိနေကြောင်း သုတေသနပြုချက်များအရ သိရှိရသည့်အတွက် ကြီးမားလှသော စိန်ခေါ်မှု ကြီးကိုပြည်သူများက နောင်တမရအောင် ဆေးလိပ်ကွမ်းယာကိုရှောင် ဆိုသော ဆောင်ပုဒ်နှင့် အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရင်ဆိုင်အနိုင်ယူ သွားကြရန်လိုကြောင်း ပြောကြား သည်

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆေးလိပ် ကင်းစင်ရေး လုပ်ငန်းများကို တက္ကသိုလ်များကောလိပ်များအခြေခံ ပညာကျောင်းများတွင် အားဖြည့်ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာ သန်းနိင်မင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်အကြောင်း ရှင်းလင်းတင်ပြသည်

ဆက်လက်၍ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာဉက္ကာက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများထိန်းချုပ်ရေးဉပဒေနည်းဉပဒေနှင့် အမိန့်ကြော်ငြာစာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အုပ်စုနှစ်စုခွဲ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်