နေပြည်တော် နိုဝင်ဘာ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၁) ကွက်သစ်လမ်းတွင် လီဂေ(ခ)အားဂေမောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလု(အပေါ်) ကျေးရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀၀ ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်