Skip to main content

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ် တားဆီးရေးနှင့်စပ်လျဉ်း၍ Video Conference ကျင်းပ

နေပြည်တော် သြဂုတ် ၂၅

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကိစ္စနှင့်စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းက Video Conference ဖြင့်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ CTFMR ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren၊ မြန်မာ နိုင်ငံဆိုင်ရာယူနီဆက်ကိုယ်စားလှယ် Ms. June Kunugi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၂ဝဝ၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန် ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ နှစ်စဉ်အစီရင်ခံစာ၌ ကလေးစစ်သည်စုဆောင်းမှုနှင့် အသုံးပြုခြင်းစာရင်းတွင် ထည့်သွင်းထားရှိခဲ့သည့် မြန်မာ့တပ်မတော်အား ၂ဝ၂ဝ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် အဆိုပါစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် CTFMR တို့ကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်