နေပြည်တော် ဩဂုတ် ၂၅
နိုင်ငံတော်အရေးပေါ်ရိက္ခာ ဆန်များအား Export တင်ပို့နိုင်ရေးအတွက် ဆောင် ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာပါက ပြည်သူများသို့ အရေးပေါ်ရိက္ခာများ ချက်ချင်းဖြန့်ဝေနိုင်ရန် အတွက် ပြည်ပတင်ပို့မည့် ဆန်၏ ၁၀ ရာခိုင်နှုန်းကို အရေးပေါ်ရိက္ခ္ခ္ခာအဖြစ် နိုင်ငံတော်သို့ ပေးသွင်းသည့်စနစ်ဖြင့် ဝယ်ယူထားသည့် အရေးပေါ် ရိက္ခာဆန်များအား ပြည်တွင်း၌ ရောင်းချ နိုင်မည့်ပမာဏ၊ ပြည်ပသို့တင်ပို့ရန် Exporter များသို့ ရောင်းချ မည့်ပမာဏနှင့် နိုင်ငံတော်၌ ထားရှိမည့် အရေးပေါ် ဆန်ပမာဏတို့ကို အသေး စိတ်ဆွေး နွေးခဲ့ကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)