Skip to main content

ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

ရန်ကုန် အောက်တိုဘာ ၂၅

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော် ၄၁၇ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါ‌မောက္ခချုပ် (သင်/ကြား) ဒေါက်တာ ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူပြီး တရားတော်များ ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဒုတိယဝန်ကြီးနှင့် မိသားစုများ၊ ဧည့်ပရိသတ်များက နာယူကြည်ညိုကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် မိသားစုများ၊တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအားနဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)မှ သံဃာတော် ၄၁၇ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ပိဋကတ်စာကြည့်တိုက်တွင် ရခိုင်သမိုင်းစာအုပ် ခြောက်မျိုးနှစ်စုံနှင့် ဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းစာအုပ် ၁၀ အုပ် ကို လှူဒါန်းခဲ့ကြောင်း သိရသည်။  

သတင်းစဉ်