Skip to main content

သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း အထူးရထားများ ပြေးဆွဲပေးသွားမည်

ရန်ကုန် အောက်တိုဘာ ၁၉

သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း ပြေးဆွဲရာတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည် အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ်။ ခရီးသည်တွေ အတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးတယ်။

လက်မှတ်တွေကိုလည်း အခက်အခဲမရှိအောင် ဆောင်ရွက်ပေးသွားပါမယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်အထူးရထားများ၏ လက်မှတ်ခနှုန်းထားများလည်း ပြောင်းလဲခြင်းမရှိဘဲ မူလနှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာကာလင်း