Skip to main content

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် ဩဂုတ် ၂၄

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

(သတင်းစဉ်)