Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် ကူဖြူရွာသစ်ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇီးကုန်း မြို့နယ် ကူဖြူရွာသစ်ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ်၊ ကူဖြူရွာသစ် ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေကျပ်(၂၄)သိန်းကို ကျေးရွာမီးလင်းရေး ကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ စာသင် ကျောင်းများ အတွက် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီတို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ဇီးကုန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာများ မီးလင်းရေး ကိစ္စရပ်များ၊ လမ်းတံတား ကိစ္စရပ်များကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို လမ်းညွန် မှာကြား ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)