Skip to main content

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပမည်

နေပြည်တော် စက်တင်ဘာ ၂၇

အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၏ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) နှစ်ခုကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တပ်မတော်ဆေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင် ၇၀၀) တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ သုတေသနစာတမ်း ၇၂ စောင်၊ သုတေသနလုပ်ဆောင်ချက်ပိုစတာ ၁၁၄ ခု၊ Symposium of the Conference တစ်ခု၊ Major Symposium တစ်ခု ၊ Symposium ၂၁ ခု၊ Clinicopathological Conference a Clinical Session တစ်ခု၊ Special Talk ၁၀ ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူဆေးမှူးများနှင့် သူနာပြုများက ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အငြိမ်းစားအရာရှိကြီး/အရာရှိများ၊ ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ နှီးနှောဖလှယ်ပွဲအစီအစဉ်တွင်ပါဝင်သည့် အရာရှိကြီး/အရာရှိများ၊ Symposium/ စာတမ်း/ပိုစတာ Present ပြုလုပ်မည့်သူများမှအပ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်ခြင်း မရှိသည့် အငြိမ်းစားအရာရှိကြီး/အရာရှိများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများနှင့် သူနာပြုများအနေဖြင့် Online မှ တက်ရောက်နိုင်မည်ဖြစ်ပြီး www.dsmrdc.org တွင် ဝင်ရောက်ကြည့်ရှု၍ Registration ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်