Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်း Pagoda Digital Directory ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရန်ကုန် စက်တင်ဘာ ၂၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည့် Pagoda Digital Directory ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တန်ခိုးကြီး ဘုရားကိုးဆူ ဂေါပကအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တန်ခိုးကြီးဘုရားများ၏ သတင်းအချက်အလက် အကြောင်းအရာများကို Digitalize အဖြစ် ဆောင်ရွက်ရာတွင် Directory မူကြမ်းအတည်ပြုပြီးပါက Software ဖြင့် Screen တင်ပြီး IT Law ဖြင့် စနစ်တကျ စာချုပ်ချုပ်သွားကြရန်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားကိုးဆူ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို Digitalize ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ထင်ရှားသည့်စေတီပုထိုးများ၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးစေတီပုထိုးများအား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ဂေါပကအဖွဲ့ဝင်များနှင့် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)ဒုတိယပါမောက္ခချုပ်က ပြည်ရွှေဆံတော်ဘုရားတွင် ဝက်ဘ်ဆိုက်ဆောင်ရွက်ထားရှိမှုနှင့်ရွှေဆံ တော်ပြတိုက်တွင် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက အမျိုးသားပြတိုက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိ မှုများကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်နောင်က Pagoda Digital Directory ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးနေသည့် Data Center နှင့် အခြားလိုအပ်သည့် နည်းပညာဆိုင်ရာ အကြံပြုခြင်းအပိုင်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ရွှေစည်းခုံစေတီတော်၊ အာနန္တာစေတီ၊ ကျိုက်ထီးရိုးစေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်စေတီ၊ ရွှေဆံတော်စေတီနှင့် ရှစ်သောင်းဘုရား စသည့် တန်ခိုးကြီးဘုရားကိုးဆူမှ ဂေါပကအဖွဲ့ကိုယ်စားလှယ်များက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည် များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်အရှေ့ဘက်ဝန်ထမ်းအိမ်ရာ (၁၀) ခန်းတွဲ လေးထပ်ဆောင်ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျခွဲဝေချထားရေး မှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်