ကဝ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထားသည့် သမဝါယမအသင်း သားတောင်သူများသို့ တစ်ဧကနှစ်သိန်းနှုန်းနှင့် ညီမျှသော ရွှေနဂါး (၁၅ ပတ်လည်)၊ ရွှေနဂါးပုလဲမြေဩဇာများကို မြို့နယ်အတွင်းရှိ မကျက်ကြီး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၊ မြောက်ဈေးဖလုံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၊ ဇွဲသန်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်နှင့် အုန်းနှဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်များမှ အသင်းသား ၁၁၃ ဦး ၏ စိုက်ဧက ၅၀၀ အတွက် ငွေကျပ်သန်း ၁၀၀ နှင့် ညီမျှသောသွင်းအားစုများကို ပံ့ပိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်