နေပြည်တော် စက်တင်ဘာ ၂၆
နေပြည်တော်၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် “လောဘအမှောင်” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နှစ်ပိုင်းခွဲ၍ စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ည ၉ နာရီခန့်၌ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှစီစဉ်ပြီး ဇာတ်ညွှန်း နန်းမြင့်ဆွေ (မန္တလေး)၊ ဂီတမှူး (ဂီတဝိဇ္ဇာအောင်ဝမ်းတူး)၊ ရွာစားကျော် နိုင်လင်းဗိုလ်နှင့်အဖွဲ့၏ တီးခတ်မှုနှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက တင်ဆက်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်