ရန်ကုန် စက်တင်ဘာ ၁၈
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
ဦးစွာပါမောက္ခချုပ်ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
စာရေးဝန်ထမ်း ကြီးကြပ် သင်တန်း အမှတ်စဉ်(၉၃) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၄၁ ဦး၊ သင်တန်းသူ ၉၅ ဦး စုစုပေါင်း ၁၃၆ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်း ကာလမှာ စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်