Skip to main content

အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှပြခန်း ၈၀ ဆက်လက်ပြသ

နေပြည်တော် စက်တင်ဘာ ၁၈

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ တရုတ်နှင့်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိသည်။

မြန်မာကုန်စည် ပြခန်းများတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ ရေထွက်ကုန်များ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက် ကုန်များ၊ မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းများကို စုံလင်စွာခင်းကျင်းပြသရောင်းချလျက်ရှိသည်။

အဆိုပါကုန်စည်ပြပွဲ တတိယနေ့တွင် ယခင်နေ့များနည်းတူ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီးနှစ်လိုဖွယ်ရာ မြို့ပြခန်းဆောင်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် ကပြလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်