Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၈၅) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၀) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၉) ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခု၊
- စုစုပေါင်း (၈၀၀) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။

၂။ (၂၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၉၉) ဦး ရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၃၃) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၉-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၀-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၄) ဦးရှိပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/