Skip to main content

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ရန်ကုန် စက်တင်ဘာ ၁၂

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၆ ရက်ကကျင်းပသော ASEAN Indo Pacific Forum ၏ Business Matching သို့ မြန်မာ၊ ဘရူနိုင်း၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန် Project Proposal Presentation များ ပြုလုပ်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်က မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝက "Interna-tional Fishing Port Development at Southern Myanmar" ခေါင်းစဉ်ဖြင့် Project Proposal အကြောင်း ရှင်းလင်းတင်ပြ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

Project Proposal ရှိရာ မြိတ်မြို့သည် ကျွန်းပေါင်း ၈၀၀ ကျော်နှင့် အမျိုးမျိုးသော ရေထွက်ပစ္စည်းများ ပေါကြွယ်ဝသည့် အန်ဒမန်ပင်လယ် (ရေမျက်နှာပြင် ၆၀၀,၀၀၀ စတုရန်း ကီလိုမီတာ) ၏ အချက်အချာကျ‌သော နေရာတွင်ရှိပါကြောင်း၊ Project ၏ Industrial Land ဧရိယာအကျယ်အဝန်းမှာ ၁၀၃ ဧကရှိပါကြောင်း၊ အာရှ၏ Main Fisheries Hub ဖြစ်လာနိုင်ပါကြောင်း၊ Project Development Time Line မှာ ၃ - ၅ နှစ် ဖြစ်ပါကြောင်း၊ Cold Storage Factory (3,000~5,000 MT), Value-added Canning Factory, Packaging Factory, တစ်ချိန်တည်းတွင် ရေထွက်ပစ္စည်းများ အတင်အချပြုလုပ်နိုင်သည့် Fishing Vessel (၃၀ - ၅၀) ဆံ့ Shipyard နှင့် Power Plant တည်ဆောက်ခြင်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ အရင်းကျေကာလမှာ ယေဘုယျအားဖြင့် ၅-၇ နှစ် ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်