Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ စက်တင်ဘာ ၄ ရက်မှစ၍ လူဝင်ကြေး အခမဲ့ဖြင့် ဆက်လက်ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်

နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးခဲ့ကာ နေ့စဉ် နိုင်ငံတစ်ဝန်းမှ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်မှစ၍ လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေးအတွက် ဖော်ပြပါနှုန်းထားများအတိုင်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်-

(၁) လူဝင်ကြေး                                                                                      - (အခမဲ့)

(၂) ဖုန်း ၁ လုံး(ကင်မရာအပါ)                                                                     - ၁၀၀၀/-ကျပ်။

(ကင်မရာပါသောဖုန်းများသာကောက်ခံပြီး Keypad ဖုန်းများမကောက်ခံပါ)

(၃) အပျော်ရိုက်ကင်မရာ                                                                          - ၅၀၀၀/-ကျပ်။

(၄) အလှဓာတ်ပုံရိုက်/ Video (Pre Wedding အပါအဝင်)                               - ၅၀၀၀၀/-ကျပ်။

(၂ နာရီ) (နာရီဝက်ပိုတိုင်း - ၅,၀၀၀ကျပ်)              

(၅) ဥယျာဉ်တော်အတွင်းယာဉ်ရပ်နားကွင်း ယာဉ်ငယ် ၁ စီး                             - ၂၀၀၀၀/-ကျပ်။

(အိမ်စီးယာဉ်ငယ်များကိုသာ ဥယျာဉ်တော်အတွင်းဝင်ခွင့်ပြုပါသည်။

ယာဉ်ကြီးနှင့် ဆိုင်ကယ်များ ဥယျာဉ်တော်ပြင်ပတွင် ရပ်နားရန်။)

(၆) Buggy စီးနင်းခြင်း ။ အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူများအတွက်သာ Buggy အခမဲ့စီးနင်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါကြောင်း မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

သတင်းစဉ်