Skip to main content

တရားမဝင်သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက် ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပွင့်ဖြူမြို့နယ် ကြီးအုံ-ကြီးဝတမံ(၈)မိုင်ခွဲလမ်း၊ ကျွဲတံခါးကြိုးပြင် ကာကွယ်တောအနီး၌ တရားမဝင်သစ်မျိုးစုံ သုညဒသမ ၅၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀)နှင့် ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်၌ တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၇၈၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉၇၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ မင်းဘူး(စကု)မြို့နယ် ကျောက်ပယ်ကျေးရွာ ကျောက်ပယ်-မင်းဘူးကားလမ်းအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ရေနံစိမ်း ၉၁၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃၆၀၀၀)နှင့် အဆိုပါ ရေနံစိမ်းများတင်ဆောင်လာသည့် Skat ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရေလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၁၅၇၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Pigment Powder Coating ကီလိုဂရမ် ၄၇၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၅၀၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြေနီကုန်းမီးပွိုင့်အနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် AFM Smoked Chicken Sausage ၂၅ အိတ်နှင့် AFM Smoked Crispy Skin Vienna Chicken Sausage Cheese Filling ၂၅ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Voxy တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ ကမော့ကစင်စုပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Hair Clipper ၄၃၀၊ Photo Paper ကီလိုဂရမ် ၁၀၀၀၊ LED Head Lamp အခု ၇၀၀၀၊ LED Bulb အလုံး ၃၀၀၀၊ Rice Cooker ၂၃၂ ခု၊ Portable Power Station အခု ၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၂၉၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၇၉၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၄၅၁၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်