Skip to main content

ဒုတိယဝန်ကြီး ဦးညွန့်အောင် မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)နှင့် အေးရှားဝေါလ်ဆိပ်ကမ်းတို့သို့ ရောက်ရှိပြီး ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု၊ ဆိပ်ကမ်းအတွင်းနှင့် Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက် စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ သီလဝါဆိပ်ကမ်း နယ်မြေရှိ ဆိပ်ကမ်းများနှင့် စက်သုံးဆီဆိပ်ကမ်းများမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။

သတင်းစဉ်