၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများကို ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများတည်ဆောက်၍ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
၂။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့သည့် မဟာဓာတ်အားလိုင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြို့ပြဧရိယာပြင်ပရှိ တည်ဆောက်ပြီး မဟာဓာတ်အားလိုင်းများ၏ ဗို့အားအဆင့်အလိုက် လျှပ်စစ်ဓာတ် အားလိုင်းနယ်မြေကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၇၉/၂၀၂၃) အား ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ (ခ)အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ထားရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်-