နေပြည်တော် ဩဂုတ် ၁၇
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနမှ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း Virtual Format ဖြင့် ကျင်းပခဲ့သည့် ASEAN-PAC ၏ (၁၈) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံ ACU ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ကာလအတွင်း တက်ရောက်ခဲ့သည့် အစည်းအဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet မူကြမ်းအပေါ်ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet တရားဝင်ဖြန့်ဝေနိုင်ရေးကိစ္စရပ်အပေါ် ဆွေးနွေးခြင်း၊ ASEAN-PAC ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပနိုင်ရေးအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် လာအိုနိုင်ငံ SIA မှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခြင်း၊ ASEAN-PAC ၏ (၁၉) ကြိမ် မြောက် ရုံးအဖွဲ့အစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ ASEAN-PAC Portal တွင် သတင်းလွှင့်တင်နိုင်ရေးအတည်ပြုခြင်း၊ ASEAN-PAC Contact List နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Focal Point သတ်မှတ်ခြင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင်ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အဖွဲ့ဝင်နိုင်ငံအချို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များကို ပါဝင်ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU)မှ ကိုယ်စားလှယ်များ၊ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်