Skip to main content

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများ ထုတ်ဖော်ဆွေးနွေး

ကူမင်း ဩဂုတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့မွန်းလွဲပိုင်းက Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန်ပြည်နယ်ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်နယ်မြေသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

သွားရောက်လေ့လာ

အဆိုပါ လေ့လာရေးခရီးအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် Junfa-New Luosiwan International Trade City နှင့် Junfa-New Luosi-wan International Trade Mall သို့ သွားရောက် လေ့လာခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China(Yunnan) Pilot Free Trade Zone သို့ ရောက်ရှိခဲ့ပြီး International Trade Enterprises Cluster Park ၊ International Commodity Exhibi-tion and Trading Center ရှိ မြန်မာ့ထုတ်ကုန်ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးကာ Guandu Ecommerce Industrial Park ရှိ China-South Asia South East Asia Cross Border E-Commerce Industry Cluster ရှိ Tiktok Live Broadcasting Room များကို ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများကို ထုတ်ဖော်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များအား ဂွမ်ဒူးခရိုင်ပြည်သူ့အစိုးရ၏ ခရိုင်အုပ်ချုပ်ရေးမှူး Mr. Li Dehong က ရှေ့ပြေးဇုန်၏ လက်ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံ မှုအစီအစဉ်များကို ရှင်းလင်းပြသခဲ့သည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ဂွမ်ဒူးဒေသရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ China(Yunnan) Pilot Free Trade Zone ၏ အမှုဆောင်အရာရှိဖြစ်သူ Mr. Fang Yuan က ဇုန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရှေ့အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ပညာသင်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ ပညာရေးဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်