Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုးလားရှိုးမြို့နယ် မွေးမြူရေးသမဝါယမအသင်းများအား တွေ့ဆုံမှာကြား

နေပြည်တော် ဩဂုတ် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပန်ဟတ်ကျေးရွာတွင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးချောင်းစနစ်ဖြင့် မျိုးစပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ်ခေးနင်းကျေးရွာရှိ ခိုင်ရတနာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်း၏နွားမွေးမြူရေးခြံသို့ သွားရောက်ကာ အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး၍ နွားမွေးမြူထားမှု၊ နွားခြံတည်ဆောက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာရှိ ခိုင်နေကြာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်း၏ဝက်မွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး မျိုးကောင်းမျိုးသန့်ဝက်များ တိုးချဲ့မွေးမြူရန်၊ ဝက်ခြံများကို ကျန်းမာ‌ရေးနှင့် ညီညွတ်အောင် စနစ်တကျ တည်ဆောက်ရန်၊ အသင်းသူအသင်းသားများလူမှုစီးပွားဘဝ မြင့်မားလာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ခေးခန်းကျေးရွာနှင့် တောင်နောက်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ၃/၆ မိုင် အနက် (၇) ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကိုသွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား သွားရောက် ဖူးမြော်ကန်တော့ကာ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာသော ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု လူငယ်လူရွယ်များဖြစ်စေရေး တိုက်တွန်းမှာကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်