နေပြည်တော် ဇူလိုင် ၂၇
ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့ (တတိယအကြိမ်) စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေးသားပြုစု
စာတမ်းဖတ်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေသုတေသနအဖွဲ့များသည် ၂၀၂၂ ခုနှစ်အတွင်းစာတမ်း ၁၂ စောင်ကို ရေးသားပြုစုနိုင်ခဲ့ကြောင်း၊ ၎င်းတို့ရေးသားပြုစုခဲ့သည့်စာတမ်းများကို လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့က လစဉ်အလှည့်ကျဖတ်ကြားလာခဲ့ရာ ယခုစာတမ်းဖတ်ပွဲမှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ဥပဒေရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေကြသော အရာထမ်းများကိုဥပဒေအသိပညာများ တိုးတက်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေး မြင့်မားစေရန်၊ စာတမ်းဖတ်ပွဲအတွေ့အကြုံများရရှိစေရန်နှင့် ဥပဒေဗဟုသုတများကို အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေသုတေသနအဖွဲ့ (၅)က “Comparative Study of Prosecution Systems between Singapore and Myanmar” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားကြသည်။
စာတမ်းဖတ်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများမှ အရာထမ်းများ တက်ရောက်ကြသည်။
သတင်းစဉ်