Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်ဆိုက်ဘေးရီးယန်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်သည် ဆိုက်ဘေးရီးယန်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (Siberian Association for International Cooperation) ဥက္ကဋ္ဌ မစ္စတာပါးဗျောအော်စတာဗျော့ဟော်ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းကနေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိယဉ်ကျေးမှုနှင့် ကမ်းခြေခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံရှိ ခရီးသွားကုမ္ပဏီများနှင့် မြန်မာနိုင်ငံရှိ ခရီးသွားကုမ္ပဏီများအကြား အွန်လိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ ခရီးသွားများအပြန်အလှန်သွားလာလည်ပတ်မှု မြှင့်တင်နိုင်ရေး၊ နိုဗိုစီဗစ်မြို့နှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံတွင်ခရီးသွားလုပ်ငန်းသာမက အခြားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီး မြှုပ်နှံမှုများတွင် အကူအညီပေးရေး၊ Welcome Russia Program in Myanmar အစီအစဉ်ဆောင်ရွက်နေမှုနှင့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ (Familiarization –FAM Trip) စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရုရှားခရီးသွားဧည့်သည်များ လာရောက်ရာတွင် ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားမြှင့်တင်ရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။             

သတင်းစဉ်