Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိတစ်ဖက်ပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများကငါးမျိုးများကို ဆက်လက်စိုက်ထည့်ပေးကြသည်။

ယနေ့ကျင်းပသည့်ငါးမျိုးစိုက်ထည့်ပွဲတွင်ငါးသားပေါက်ကောင်ရေ စုစုပေါင်း၇၀၀၀ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်