Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန် ရန်ကုန်မြို့မှထွက်ခွာ

ရန်ကုန် ဇူလိုင် ၂၆

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၊ တရုတ်နိုင်ငံပါတီတည်ထောင်ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြရန်ရှိကြောင်း သိရသည်။

သတင်းစဉ်