Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၃

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဆရာ ဆရာမများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့အတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ တောင်ရင်းတန်းရပ်ကွက်ရှိ တောင်သူတစ်ဦး၏ လယ်မြေ၌ပြုလုပ်သော စူပါဘိုကာရှီသဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲ၊ မိုးစပါး GW – 11 စပါးပျိုးခင်းနှင့် ထွန်ယက်စိုက်ပျိုးမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်