Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နယူးဒေလီရှိ တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နယူးဒေလီရှိ တောင်အာရှ နိုင်ငံ ခြားသတင်းထောက်များအသင်း (The Foreign Correspondents’ Club of South Asia –FCC) ဥက္ကဋ္ဌ Mr. Shirumalla Venkat Nara-yan ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့်ဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး၊ မြန်မာနှင့် ယခင် ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့ သောနိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ဒေသ ပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူ အချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး Mr. Shirumalla Venkat Nara-yan က သိရှိလို၍ မေးမြန်းသည့် အချက်များကို ရှင်းလင်းပြောကြားသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်