နေပြည်တော် ဇွန် ၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အသုံးများသောတစ်တော့(Tiktok)၊ ကွိုက်ဇိုလ် (Kuaishou) ကဲ့သို့ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင်ကြော်ငြာရေး၊ ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော် ကျင်းပနိုင်ရေး၊ မြန်မာ - တရုတ် ချစ်ကြည်ရေးမြို့တော်များ ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်