နေပြည်တော် ဇွန် ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ ပိုမိုသိရှိရေးနှင့် နိုင်ငံပိုင်သတင်းမီဒီယာများတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်