Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြား သတင်းထောက်များ အသင်းဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၇

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

သတင်းစဉ်