နေပြည်တော် ဇွန် ၁
Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယပညာသင်ကာလ သင်တန်းများအားလုံးကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ Naypyitaw State Academy ၏ အတန်းအသီးသီးသို့ ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားစေရေးအတွက် တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများက လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက်ပေးကြသည်။
Naypyitaw State Academy တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာနှင့် ဥပဒေပညာ အထူးပြုဘာသာရပ်များ၏ တတိယနှစ်နှင့် ပထမနှစ်ဂုဏ်ထူးတန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ Naypyitaw State Academy တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်း မိသားစုများ၏ သားသမီးများ (သို့မဟုတ်) နေပြည်တော်ရှစ်မြို့နယ် (ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ မြို့နယ်များ) မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
သတင်းစဉ်