Skip to main content

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာအသီးသီးသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်(ရေ)မှ ၅၆ မီတာကမ်းထိုး ရေယာဉ်ပထမအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၄၆၀၀ ချောင်း၊ သွားတိုက်ဆေး (၂၅)ဂရမ်  ၁၂၀၀ ဘူး၊ သွားတိုက်ဆေး(၇၅)ဂရမ် ၁၂၀၀ ဘူး၊ ၂၀ လီတာရေသန့်ဘူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၁၉၈၂၅ ချပ်၊ သွပ်သံ ၃၂၀ ဖာ၊ တာပေါ်လင် ၁၂၀ လိတ်၊ မိုးကာတဲ ၄၀ လုံး၊ ကြက်ဥ ၇၉၂၀ လုံး၊ MRTV စလောင်း ၅၀ လုံး၊ ခေါက်ဆွဲခြောက် ၂၅၉ ဖာ၊ အိမ်သာကမုတ် ၉၄၆ ခု ၊ ပိုက် ၉၅၀ ချောင်း၊ GE သွပ်များ၊ အိမ်ရိုက်သံ၊ အမိုးရိုက်သံ၊ ဒီဇယ်ဆီစုစုပေါင်းကုန်တန်ချိန်  ၁၉၄.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌တင်ဆောင်၍  ရသေ့တောင်သို့လည်းကောင်း၊ ၅၆ မီတာကမ်းထိုးရေယာဉ် ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၁၁၅၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၃၀၀၀ ခု၊ သွားတိုက်ဆေး(၇၅)ဂရမ် ၃၀၀၀ ခု၊ ၂၀ လီတာ ရေသန့်ဘူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၃၀၀၀ ချပ်၊ သွပ်သံ ၂၁၀ ဖာ တာပေါ်လင် ၉၀ လိတ်၊ MV Aquarius ရေယာဉ်မှ သွပ် ၁၀၀၀ ချပ်၊ သွပ်သံ ၅၀ ဖာ၊ ခေါက်ဆွဲခြောက် ၄၄ ဖာ၊ အဝတ်အထည်အထုတ်ကြီး ၇ ထုတ်နှင့် အိန္ဒိယနိုင်ငံမှထောက်ပံ့သည့် တာပေါ်လင် ၃၆ ထုတ် စုစုပေါင်းကုန်တန်ချိန် ၇၀.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌ တင်ဆောင်၍ မြေပုံကမ်းထိုးရပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့်  ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၈၆ ဦးတို့အား ရသေ့တောင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နေ့လယ်ပိုင်းတွင် ရေချမ်းပြင်သို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ စစ်ရေယာဉ်(မြစ်ကြီးနား)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အာလူး ၉၈ အိတ်၊ မိုးကာလိတ် ၂၃၅ လိတ်၊ Royal-D ၁၂၂ ဖာ၊ အိမ်ရိုက်သံ ၆ ဖာ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ငါးပိ ၂၀ အိတ်၊ ဆား ၄၀ အိတ်၊ ငါးခြောက် ၃၅ အိတ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဆန် ၁၁၆ အိတ်၊ ခေါက်ဆွဲခြောက် ၂၉၃၆ ဖာ၊ ဆီ ၁၇၁ ပိဿာ၊ ငါးသေတ္တာ ၁၁၀၀ ဘူး၊ ကော်ဖီ ၆၇ ဖာ၊ ပဲငံပြာရည် ၂၀ ဘူး၊ ဆေးဝါး ၆၆ ဘူး၊ ဓာတ်ဆား ၁၄ ဖာ၊ ဆပ်ပြာ ၁၀ ဖာ၊ အာလူးကြော် ၁၅၀ အိတ်၊ ဘီစကစ် ၄၂ ဖာ၊ လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆန် ၅၀ အိတ်၊ အာလူး ၁၇ အိတ်၊ ကုလားပဲ ၅၀၀ ပိဿာ၊ ကြက်သွန် ၁၇ အိတ်၊ ဆီ(၁၀ ပိဿာဝင်) ၂၀ ပုံး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အိမ်ရိုက်သံ ၂၁၅၀ ဖာ၊ သွပ်သံ ၇၀ ဖာ၊ စားအုန်းဆီ ၃၀၀၀ ဖာ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုလာနှင့် ရေခံသေတ္တာ အစုံ ၂၂ စုံ၊ လျှပ်စစ်ရေခဲသေတ္တာနှင့် ဆက်စပ်ပစ္စည်းများ ၈ လုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန် ၆၀၀၀ အိတ်၊ အခွန်ဦးစီးဌာနမှ သွပ် ၅၀၀ ချပ်၊ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကွန်ပျူတာဆက်စပ်ပစ္စည်း ၂ ထုပ်၊ မိုးကာ ၁ ခု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ဆောက်ပစ္စည်း ၂၁ မျိုး၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ မီးစက် ၄၀ လုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးမှ တာဝါတိုင် Cable ကြိုး ခွေ ၁ ခွေ စုစုပေါင်းကုန်တန်ချိန် ၄၅၅ တန်တို့အား ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်တံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ရန်ထွက်ခွာသွားခဲ့သည်။

အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ ၎င်းနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် စာသင်ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။