Skip to main content

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် ထည့်သွင်းသင်ကြားမည့် သင်ရိုးညွှန်းတမ်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၂

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယ ပညာ သိပ္ပံကျောင်းများတွင် ထည့်သွင်းသင်ကြားမည့် သင်ရိုးညွှန်းတမ်းများ နှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်ရိုး ညွှန်းတမ်းများသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ () တန်း၊  ()တန်း၊ (၁၀)တန်း သင်တန်းသားများအား သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများဖြစ်ပါကြောင်း၊ သင်ရိုး ညွှန်းတမ်းများနှင့်ပတ်သတ်၍ အကြံပြုချက်များရှိပါက ဆွေးနွေးတင်ပြပေးကြ စေလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမို မြင့်မားလာစေရေးအတွက် လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီဖွဲ့စည်းရန်လိုအပ်ပါ ကြောင်း၊ ရုံးလုပ်ငန်းများ၊ ဝန်ထမ်းစီမံရေးရာများ၊ နည်းပြနည်းစနစ်မှူးများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာ၊ စီမံ/ဘဏ္ဍာရေးလိုင်းအမျိုးမျိုးတွင်ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့် တင်ရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်သောနည်းပြများ၊ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ရရှိသောနည်းပြများ၊ ကျွမ်းကျင်စွာ လေ့ကျင်သင်ကြားပေးနိုင်သည့် နည်းပြများ လိုအပ်ပါ ကြောင်း၊ နည်းပြများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရှာဖွေမွေးထုတ် ပေးရန်လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်/မြို့နယ်၊ ရပ်ကွက်များတွင် လည်း မြေနေရာ ရရှိပါက အားကစားကွင်းများဆောက်လုပ်ခြင်း၊ အားကစားပစ္စည်းလှူဒါန်း ခြင်း၊ EIM များ ပြုလုပ်ခြင်းဖြင့် လူထုကျန်းမာစေရေးအတွက် စည်းရုံးဆောင်ရွက် သင့်ပါကြောင်း၊ Outdoor Fitness များကို လူအများကစားနိုင်သောနေရာများတွင် ပြောင်းလဲတပ်ဆင်စေလိုပါကြောင်း၊ လေ့ကျင့်ရေး Center တွင် ကွန်ပြူတာ၊ စာကြည့်တိုက်တွင် အားကစားနှင့်ပက်သက်သည့် စာရွက်စာတန်းများ၊ စာအုပ်များထား ရှိစေ လိုပါ ကြောင်း၊ လေ့ကျင့်ရေး Center တစ်ခုထား ရှိပြီး ကဏ္ဍအလိုက် သင်တန်းများဖွင့်လှစ်စီမံ ဆောင်ရွက်ပေးစေလိုကြောင်း၊  ဘာသာရပ် အလိုက် အားကစားနည်းများတွင် အားကစားသမားများ၊ နည်းပြများ အရည်အချင်းတိုးတက် လာစေရေး၊ အားကစားနည်းစီမံခန့်ခွဲမှုများနှင့် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် တိုးတက်လာ စေရန် သင့်လျော်သည့် လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သင်ရိုးညွှန်းတမ်းများတွင် အသုံးပြုမည့် စာအုပ်အဖုံး၊ မာတိကာ၊ သမိုင်းအကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သင်ခန်းစာ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ၊ ပြုစုသူ၊ မှီငြမ်းစာအုပ်များကို တပြေးညီဖြစ်စေရေးကိစ္စရပ်များကိုလည်းကောင်း၊ အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လက်ရွေးစင်အဆင့် နှင့်အထက် သင်ရိုးညွှန်းတမ်းများပါဝင်နေသည့်ကိစ္စ၊ ရုံးလုပ်ငန်းကိစ္စ များ နှင့် ဘဏ္ဍာရေး ကိစ္စများ ကျွမ်းကျင်ရေး အတွက် သင်တန်းများဖွင့်လှစ်ရေးကိစ္စ၊ လေ့ကျင့်ရေး center အနီးတွင်လည်း စာကြည့်တိုက်များပြုလုပ်မည့်ကိစ္စ၊ အားကစားအဖွဲ့ချုပ်အလိုက် Logo တစ်မျိုးစီဖြစ်နေသည့်အတွက် တစ်စုတစည်းတည်းဖြစ်ရန်ကိစ္စရပ်များကိုလည်းကောင်း။

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ကျောင်းသားများ အနေဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထည့်သွင်းစဉ်းစားရမည့်ကိစ္စ၊ Logo ကိစ္စကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက သင်ရိုးညွှန်းတမ်းများ ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်၊ သင်ရိုးညွှန်းတမ်း ပထမ()လပို့ချရာတွင် သရုပ်ပြနှင့်လက်တွေ့တို့တွင် ရှိသင့်သည့်ရာခိုင်နှုန်း၊ ယခုသင်ရိုး ညွှန်းတမ်းသည် နည်းစနစ်မှူးသင်တန်းများနှင့် ကိုက်ညီမှုရှိသည်အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်က သင်ရိုးညွှန်းတမ်း Logo ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြား ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် စတင်ကစားခဲ့သော ကလေးများအနေဖြင့် အောက်ခြေတွင် (အခြေခံ အားကစားနည်း)များကို နားလည်ကြေညက်ခဲ့မှသာ အားကစားနှင့် ကာယပညာ သိပ္ပံများ အတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံများနှင့် နီးစပ်သူများသည် အားကစားတွင် ထူးချွန်ထက်မြက်သူများ ဖြစ်လာနိုင်ပါကြောင်း၊ နည်းပြများ၏ ကဏ္ဍသည် လည်းအရေးကြီးပါကြောင်း၊ ()တန်း၊ ()တန်း၊ (၁၀)တန်းများအနေဖြင့် အားကစားသိပ္ပံ များ၏ သင်ရိုးညွှန်းတမ်းများကို အောက်သက်ကြေရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အားကစားသိပ္ပံသို့ပို့ဆောင်ရာတွင် အခြေခံကြေညက်ပြီးသည့် ကစားသမား ဆိုပါက ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပါကြောင်းနှင့်  သင်ရိုးညွှန်းတမ်းတွင် ပုံများဖြင့်လည်း သင်ကြားသင့်ပါကြောင်း ပြောကြားသည်။

 (သတင်းစဉ်)