Skip to main content

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်

မတ်လ ၂၅ ရက်နေ့၊ နံနက်(၆:၃၀)မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်အား .KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက်မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိကာ ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည့် ဖြစ်စဉ်များအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ဖြစ်ရပါသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သောနေရာများသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သဖြင့် PDF အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)