Skip to main content

တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၁) မှုနှင့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၄) မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇူလိုင် ၂၂

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးတင့်တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့နံနက် (၉) နာရီခွဲက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင်ပြီး တရားမထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၁) မှုနှင့် တရားမ အထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)