Skip to main content

မြဝတီအမှတ်(၂)တံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၉၆၀ ဆက်လက်ဝင်ရောက်

 

မြဝတီ သြဂုတ် ၇

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၉၆၀ သည် မြဝတီ မြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ယနေ့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအား တာဝန်ရှိသူများ က ကြိုဆိုခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၆၀၈၃၁ ဦး ဝင်ရောက်ပြီးဖြစ်

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ယနေ့အထိ ၅၂၁၆ ဦး စုစုပေါင်း ၆၀၈၃၁ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၆၀၁ ဦး၊ အမျိုးသမီး ၃၅၉ ဦး စုစုပေါင်း ၉၆၀ ဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)