Skip to main content

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ (၁၀)လတာ ကာလအတွင်း ဆောင်ရွက်နိုင်မှု အခြေအနေ

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၃.၀၀၀)သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ကျပ်သန်း (၇၃.၀၀၀) သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာဘာလအထိ (၉) လတာ ကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း (၇.၈၅၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၄.၁၉၁)သန်း၊ စုစုပေါင်းကုန် သွယ်မှုပမာဏမှာ (၁၂.၀၄၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၈၃၇) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၈၈၀) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၇၁၇) သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၈.၆၈၇) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၅.၀၇၀) သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာသန်း (၁၃.၇၅၇)သန်းဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (၁၈.၈၄၅)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ (၁၀)လတာ လျာထားချက်အပေါ် (၂၄.၆၉၈)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

အများဆုံး ပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓာတ်မြေဩဇာနှင့် ဆံပင်တို့ဖြစ်ကြောင်း သိရပါသည်။

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေ့နေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)သို့ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီ လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)