Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ရန်ကုန် ဖေဖော်ဝါရီ ၃

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုံးချုပ်တွင် Myanmar International Radio နှင့် SKYNet TV အစီအစဉ်ထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးအား ရွှေသံလွင်ကုမ္ပဏီမှ ဦးမင်းမင်းနှင့် ဦးတင်ဆန်းတို့က Myanmar International Radio ကို FM စနစ်ဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ နေ့စဉ် ၁၈ နာရီ ထုတ်လွှင့်နေမှု အခြေအနေ၊ ဝန်ထမ်းရေးရာများနှင့် အုပ်ချုပ်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး MIR Studio အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar International Radio တွင် စတူဒီယို(A)၊ စတူဒီယို(B)၊ အသံပိုင်းဆိုင်ရာ စတူဒီယို၊ အသံသွင်း စတူဒီယိုနှင့် အသံတည်းဖြတ်မှု စတူဒီယိုတို့၏ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုသည်။

ယင်းနောက် ရွှေသံလွင် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးတင်ဆန်းက ကုမ္ပဏီ၏ သမိုင်းကြောင်းနှင့် လက်ရှိဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက MIR FM အနေဖြင့် ပြည်တွင်းမှ ပကတိ အခြေအနေ သတင်းမှန်များကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ထုတ်လွှင့်တင်ဆက်မှုကို ယခုထက် ပိုမိုလျင်မြန်ထိရောက်စွာဖြင့် ထုတ်လွှင့်တင်ဆက်နိုင်ရေး၊ သတင်း မှန်များကို မီဒီယာကျင့်ဝတ်နှင့်အညီ လျင်မြန်စွာ ထုတ်လွှင့်နိုင်မှုဖြင့် သတင်းတု၊ သတင်းမှား၊ သတင်းယောင် ထုတ်လွှင့်နေမှုများအား တုံ့ပြန်ရှင်းလင်းနိုင်ရေး၊ ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့် အပေါ် နိုင်ငံနှင့်နိုင်ငံသားတို့၏အကျိုးကို ရှေးရှု၍ စိတ်ကောင်းစေတနာဖြင့် ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

ရွှေသံလွင် ကုမ္ပဏီလီမိတက်သည် MIR FM ထုတ်လွှင့်၍ ပြည်သူကို ဝန်ဆောင်မှုပေးခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်တွင် ၅ နှစ်တာကာလသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ရွှေ FM ရေဒီယိုအဖြစ် နာဂစ်ကာလမှ စတင်ထုတ်လွှင့်ခဲ့သည်။ တီဗွီချန်နယ်အပိုင်းတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ထုတ် လွှင့်ခဲ့ပြီး နိုင်ငံခြားဘောလုံးပွဲစဉ်များနှင့် အားကစားပွဲစဉ်များ၊ ပြည်တွင်း အားကစားပွဲစဉ်များ၊ နိုင်ငံခြားဇာတ်လမ်းများ အပါအဝင် ရုပ်သံလိုင်းပေါင်း ၈၀ တွင် နိုင်ငံတကာ ချန်နယ် ၃၃ ခုကို ထုတ်လွှင့်ပြသလျက်ရှိသည်။

သတင်းစဉ်