Skip to main content

ဒီဇင်ဘာလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇   

ဒီဇင်ဘာလ (တတိယအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား ၃၇၀၀ ခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီး ဌာနက ရေသန့်ဘူး၊ Royal-D နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။

“၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(တတိယအပတ်) လူထုစုပေါင်းလမ်း လျှောက်ပွဲ”များကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦးချင်းမှ အစပြု၍ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကြောင်း၊ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်