နေပြည်တော် ဒီဇင်ဘာ ၁၆
အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား Tripartite Case Review Meeting တစ်ရပ်ကို ဒီဇင်ဘာ ၁၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများ၊ Country Task Force on Monitoring and Report-ing (CTFMR) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး CTFMR မှ ပေးပို့ထားသော သံသယဖြစ်ဖွယ် စစ်သည်များနှင့်ပတ်သက်၍ စိစစ်ချက်များကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်